



|
Estd. 1998 |
|
အသင်း၏အဖွဲ့ဝင်များ |
|
Burmese Christian Association of North America, First Appeared on January 11, 2010; thawngno@yahoo.com |
|
အသင်း၏သာသနာ့လုပ်ငန်းများ အသင်းဖွဲ့စည်းစဉ်ကထားရှိသောရည်ရွယ်ချက်နှင့်အညီ၊ အသင်းဝင်အချင်း ချင်း လက်တွဲကြလျက်၊ အချိန်အခါ အခြေအနေများပေါ်အခြေခံလျက်၊ အမှုတော်ဆောင် ခွင့်ရရှိခဲ့ကြပါသည်။ နှစ်နှစ်တစ်ကြိမ်တွေ့ဆုံကြလျက်၊ နှီးနှောဖလှယ်ခြင်း၊ လုပ်ငန်း စဉ်များချမှတ်ခြင်းများပြုကြကာ၊ ကျရာတာဝန်ကျေပြွန်စွာထမ်းဆောင်ခဲ့ကြပါသည်။ 1. မျက်နှာစုံညီ၊ အလုပ်စည်းအဝေးများကျင်းပခြင်း၊ San Francisco (၂၀၀၀)၊ Boston (၂၀၀၃)၊ Portland (၂၀၀၅)၊ Chicago (၂၀၀၇) နှင့် Los Angeles (2009). 2. တယ်လီဖုန်းအစည်းအဝေး၊ Tele-conference များကျင်းပခြင်း၊ 3. အသင်းဝင်အသင်းတော်များနှင့် အခြားအသင်းတော်များတို့သို့၊ သွားရောက် မိတ်ဿဟာရဖွဲ့ခြင်း၊ ခွန်အားပေးခြင်း၊ လိုအပ်သည့်အခါ ညှိနှိုင်းပေးခြင်း၊ စသည့် အစီအစဉ်များနှစ်စဉ်ပြုလုပ်နေပါသည်။ 4. အခါအားလျော်စွာ၊ ပြည်ပနိုင်ငံများသို့ သွားရောက်ကြကာ မြန်မာ အသင်းတော်များ နှင့် မိတ်ဿဟာရခရီးများပြုကြပါသည်။ 5. လူငယ်များနှင့်သက်လတ်လူငယ်များအတွက် သင်တန်းများကို နှစ်စဉ်ပြုလုပ် ကျင်းပခြင်းဖြင့်၊ လူငယ်များ၏ ၀ိညာဉ်ရေးကိုမြင့် မားစေရန်ဆောင်ရွက်နေပါသည်။ 6. ဓမ္မ၀န်ဆောင်များနှင့်ဇနီးများအတွက် အားသစ်လောင်းခြင်းအစီ အစဉ်ကိုလည်း (၂)နှစ်တစ်ကြိမ်ကျင်းပလေ့ရှိပါသည်။ 7. မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသော သဘာဝဘေးဒုက္ခအမျိုးအမျိုး အတွက်သော်၎င်း၊ သာသနာ့လုပ်ငန်းများအတွက်၎င်း၊ အသင်းအနေ နှင့်တိုက်ရိုက်မဆောင်ရွက်နိုင်သော်လည်း၊ အသင်း၏ အဖွဲ့ဝင်များတို့အား ပါဝင်ဆက်ကပ်ကြဖို့လှုံ့ဆော်ပေးခြင်းများ ပြုကြပါသည်။ 8. အသင်းဖွဲ့စည်းခဲ့သော၊ ဇူလှိုင်လကိုအမှတ်ရစေရန်၎င်း၊ အဖွဲ့၏ညီညွတ်မှု စိတ်ဓါတ်မြှင့်တင်ရန်နှင့်၊ အသင်းတော်များဝိညာဉ်ရေးမြင့်မားစေရန် သင်းအုပ်များ ပလ္လင်လဲတရားဟောခြင်း (Pulpit exchange) အစီအစဉ်ကိုလည်းစတင်ဆောင် ရွက်နေပါသည်။
|