



|
Estd. 1998 |
|
အသင်း၏အဖွဲ့ဝင်များ |
|
Burmese Christian Association of North America, First Appeared on January 11, 2010; thawngno@yahoo.com |
|
မြေက်အမေရိကတိုက်မြန်မာခရစ်ယာန်များအသင်းသည် အသင်းဝင် များတို့၏ သာသနာလုပ်ငန်းများတို့တွင်အချင်းချင်းကူညီခြင်း၊ အားပေးခြင်းအပြင် အခြားခရစ်ယာန်အသင်းတော်များနှင့်လည်း လက်တွဲလျက်၊ ဘုရားရှင်၏ သာသနာတော်မြတ်ကို လက်တွဲဆောင်ရွက်ရန်ရည်ရွယ်ချက်ထားရှိပါသည်။
အသင်း၏အဖွဲ့ဝင်များမှာ · First Burmese Baptist Church of San Francisco · Burmese Christian Community Church, San Jose · Oakland Burmese Mission Baptist Church · Burmese Christian Fellowship Church, Los Angeles · Adoniram Judson Memorial Baptist Church, Los Angeles · First Kachin Baptist Church of Los Aangeles · Calvary Burmese Church, Washington D.C · Myanmar Baptist Church, New York · Oversea Burmese Christian Fellowship of Massachusetts · Myanmar Christian Church of Metro Chicago · Oregon Myanmar Christian Church, Portland · City Bible Church Burmese Fellowship, Portland · Vancouver Myanmar Baptist Church, Vancouver
|
|
သမိုင်းအကျဉ်း မြောက်အမေရိကတိုက်မြန်မာခရစ်ယာန်များအသင်းဖြစ်ပေါ်လာရခြင်းသည်၊ ဘုရားရှင်ပြင်ဆင်တော်မူခြင်းဖြစ်၍ ဘုရားရှင်၏ကြီးမားကျယ်ပြန့်ပြောလှသော သာသနာနယ်ပယ်တွင် မြန်မာအသင်းတော်များ အချင်းချင်းလက်တွဲကြလျက် ဘုရားရှင်၏အမှုတော်မြတ်ကို ဆောင်ရွက်ကြရခြင်းဖြစ်ပါသည်။
ဤအသင်းကို ၁၉၉၈ ခုနှစ် ဇူလိုင်လ (၃၀)ရက်တွင် သာယလှပသော ဟ၀ိုင်ရီကျွန်း ဟိုနလူလူမြို့လေးမှ စတင်မွေးဖွါးလာခဲ့ပါသည်။ ထိုစဉ်က၊ ဟ၀ိုင်ရီတွင် ကျင်းပသော၊ အမေရိကန်နှစ်ခြင်းအသင်းချုပ်၏ အာရှသာသားများသာသနာ၊ ဓမ္မဆရာများနှင့်ခေါင်းဆောင် များအားသစ်လောင်းသင်တန်းတက်ရောက် ကြသော၊ အမေရိကန်နိုင်ငံမှခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရင်း ဘုရားပေးနှင့် သမိုင်းပေးတာဝန်ဟုခံယူကြကာ တခဲနက်သဘောတူညီလျက်အသင်း ကိုစတင်ဖွဲ့စည်းကြခဲ့ကြပါသည်။
ထိုစဉ်ကအသင်းကို Burmese Christian Fellowship of North America (မြောက်အမေရိကတိုက်မြန်မာခရစ်ယာန်များမိတ်ဿ ဟာရအသင်း)ဟုခေါ်ဝေါ် ခဲ့သော်လည်း ၂၀၀၀ ခုနှစ်ဖေဖော်ဝါရီလတွင်ပထမမြန်မာနှစ်ခြင်းအသင်းတော်၊ ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပသောအစည်းအဝေး၌ Burmese Christian Association of North America (BCANA) ဟူ၍ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါသည်။ ယင်းအစည်းအဝေး၌ အသင်းတော်ပေါင်း (၁၀) သင်းပါဝင်ခဲ့ကြပါသည်။ ၂၀၀၀ - ၂၀၀၂ နှစ်များအတွက် ခေါင်းဆောင်များကို လည်း ရွေးချယ်ခဲ့ကြပါသည်။
ဘုရားရှင်၏ရူပါရုံပေးခြင်းနှင့်၊ သာသနာ့လမ်းပြခြင်းများတွင်၊ တန်ဆာပလာများအဖြစ်အသင်းတော်နှင့် ခေါင်းဆောင်များကို ဘုရားရှင်အသုံးပြုခဲ့ခြင်းဖြစ်သည်။
|
|
BCANA Council Members 2009-2010 Front (L to R) Rev. Samuel Saw, Rev. Dr. Latt Yishey, Emerald Wong, Rev. Saw Ler Htoo, Back (L to R) Rev. Livingstone Zan, Rev.Dr. Biak Hlei Mang, Rev. Myo Maw, Lawrence Chow, William Min-Sein |